/* The CSS Code for the menu starts here s2free.blogspot.com */
သရဇုန်(နည်းပညာ) မှကြိုဆိုပါ၏

Thursday, October 31, 2013

Portable

             Portable ပြုလုပ်နည်းအဆင့်အဆင့်

portable ဆိုတာဘာလဲ.....?portable ဆိုတာက install လုပ်စရာမလိုပဲ memory stick ထဲထည်ပြီးဘယ်သွားသွားယူသွားလို့ ရသလို game ကအစ application အဆုံးပြုလုပ်လို့ ရပါတယ်။တစ်ခြားအင်တာနက်ဆိုင်တွေမှာအသုံးပြုတဲ့ သူငယ်ချင်းတွေဆိုရင်တော့ မိမိတို့ နှစ်သက်တဲ့ (ဥပမာ-photoshop,internet,download,manger,firefox,browserစသည်ဖြင့် အများကြီးပြုလုပ်လို့ ရပါတယ်ခင်ဗျာ။
ဒီနေ့ တော့ portableပြုလုပ်နည်းလေးကိုအလွယ်အကူဆုံးပြုလုပ်နည်းတစ်ခုဖြစ်တဲ့  win rar ကိုသုံးပြီးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။win rar ကတော့ စက်တိုင်းလိုလိုမှာရှိပြီးသားဖြစ်မှာပါမရှိသေးရင် google မှာဒေါင်းပါ။ဒီနေရာမှာinternet download manger ကိုအသုံးပြုပြီးportable တစ်ခုပြုလုပ်ပေးသွားပါမယ်ခင်ဗျာ။

 (level-1)  desktop မှာ IDM Floder အလွတ်တစ်ခုဆောက်ပါ။

(level-2)   start &gt, all program &gt, IDM open file location &gt,ကနေသွားပြီး 
ရှိသမျှဖိုင်တွေအကုန်လုံးကို copy ယူပါ။အောက်မှာပုံလေးပြထားပေးပါတယ်။
 (level-3 )  copy ယူလာသောဖိုင်ကို  desktop ပေါ်ရှိ IDM Folder ထဲကို paste လုပ်ပါ။ပြီးရင် win rar ထဲမှ add to archive ထဲကိုထည့် လိုက်ပါ။
 (level-4 )general archive name နေရာတွင် internet download manger .portable.rar ဟု အမည် ပေးပါ။ create SFX archive ကိုအမှန်ခြစ်ဖြုတ်ခဲ့ပါ။ 

 (level-5 )advanced ကိုနိပ်ပြီး SFX options ကိုနိပ်ပါ။ 
(level-6 )အောက်ကပုံအတိုင်း internet download manger .exe လို့ အမည်ပေးပါ။မှတ်ချက်(Desktop Folder ထဲမှ application ဖိုင်ကနာမည်အတိုင်းInternet download manger.exe ဟု နာမည်ပေးပါ)

(level-7) modes ကိုသွားပြီး unpack to tempoary floder နှင့်  hide all ကိုအမှတ်ဖြစ်ပါ

(level-8)ဒီအဆင့် မှာတော့  icon ပြုလုပ်ခြင်းဖြစ်ပါတယ်။portable ပြုလုပ်ခြင်းမှာicon မလုပ်လည်းပြသနာမရှိသောကြောင့် မဖော်ပြတော့ ပါခင်ဗျာ။


(level-9)Desktop ရှိ IDM folder ထဲမှာ IDM Portable ကလွဲရင်ကျန်တဲ့ ဖိုင်တွေပြန်ဖျက်ပါ။
(level-10)logo လုပ်ချင်သူများအတွက်ကတော့  ok မနိပ်သေးပဲ tex  and icon ကိုနိပ်ပြီး load SFX icon fron the file မှာ မိမိ ထားချင်တဲ့ icon ကိုထည့် ပါ။ extension မှာ .ico ဖြစ်ရပါမြည်။

မှတ်ချက်။portable ဖွင့် မရဖြစ်ခဲ့ သော်  desktop မှ folder နှင့် မူလဆော့ ဝဲမှ application အမည်လွဲနေသောကြောင့် ဖြစ်ပါသည်။ rar / exe ဆိုတဲ့ လက္ခာလေးတွေထည့် ပေးဖို့ မမေ့ ပါနဲ့ ခင်ဗျာ။

IDM Portable အသုံးမပြုမီ Mozilia Firefox ; Internet exploer တို့ ကိုပိတ်ပြီးမှ IDM ကို RUN ပါ


အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းလျှက်..........
portable လုပ်တာဆရာကြီးတော့မဟုတ်ပါဘူးဗျာ ကျွန်တော်(E-Book)လေးဖက်ပြီး ကိုတက်တစ်လောက် မှတ်တစ်လောက်လေးရေးပြီးတင်ပေးလိုက်တာပါ။